Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Sunday, April 13, 2014

အင်တာနက် Hecker တွေရဲ့ Heartbleed Virus သတိထားဖို့ အမေရိကန်နှိုးဆော်




အမေရိကန် ပြည်ထောင်စုမှာ မကြာခင်ကမှ တွေ့ရှိတဲ့ အင်တာနက် ဆက်သွယ်ရေးပိုင်း ဟာကွက်တခုကို Online သူခိုး Hecker တွေက အခွင့်ကောင်းယူပြီး အချက်အလက်တွေ ခိုးယူနိုင်တဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ ဆိုင်တဲ့ Website တွေကို သတိထား စောင့်ကြည့်နေဖို့ အမေရိကန် အစိုးရက သတိပေးလိုက်ပါ တယ်။ Heartbleed လို့ခေါ်တဲ့ Virus ကြောင့် တခုခုဖြစ်တယ်ဆိုရင် သတင်းပို့ ကြဖို့အတွက် အမေရိကန်အမိမြေ လုံခြုံရေးဌာနက သောကြာနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

Open source software တခုဖြစ်တဲ့ OpenSSL software ရဲ့ လုံခြုံရေးဟာကွက်တွေကြောင့်  Password တွေ Credit card နံပါတ်တွေနဲ့ တခြား အရေးကြီးတဲ့ အချက်အလက်တွေကို Hecker တွေက ခိုးယူနိုင်ပါတယ်။

ဒီသတင်းပတ်အစောပိုင်းကမှ တွေ့ရှိထားတဲ့ Heartbleed computer Virus ရဲ့တိုက်ခိုက်မှု ခံရတယ်ဆိုတဲ့ သတင်းကိုတော့ မရသေးပါဘူးလို့ အမိမြေ လုံခြုံရေးဌာနရဲ့ Cybersecurity နဲ့ Communications Integration Center ညွှန်ကြားရေးမှူး Larry Zelvin က Website ပေါ်မှာ ဖော်ပြထားတဲ့ သတိပေးချက်ထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ လုံခြုံအောင်လုပ်မထားတဲ့ Website တွေနဲ့ အင်တာနက်ကွန်ယက်တွေအနေနဲ့ Virus ရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ခြေ ရှိတယ်လို့ သူက သတိပေးထား ပါတယ်။ ကနေဒါအစိုးရကတော့ Heartbleed virus ရဲ့ ရန်ကနေ ကာကွယ်နိုင်မဲ့ Computer Internet လုံခြုံရေးပိုင်းကို မလုပ်ရသေးသရွေ့ တိုက်ခိုက်မှု ခံရနိုင်တဲ့ အများပြည်သူနဲ့ဆိုင်တဲ့ Website တွေကို အသုံးမပြုနိုင်အောင်လုပ်ထားဖို့ အစိုးရဌာနတွေအားလုံးကို သောကြာနေ့က အမိန့်ထုတ်ခဲ့ပါတယ်။

ဗွီအိုအေ
Read More ...

Monday, April 7, 2014

တယ်လီနောမြန်မာသည် Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်း အသံနှင့်ဗွီဒီယိုခေါ်ဆိုမှုအောင်မြင်စွာပြုလုပ်ခဲ့ (၇.၄.၂၀၁၄)


တယ်လီနောမြန်မာမှ၎င်းတို့ကုမ္ပဏီ၏ Live Core Network မှတစ်ဆင့် ပထမဦးဆုံးဖုန်းခေါ်ဆိုမှုကိုအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။


ထိုဖုန်းခေါ်ဆိုမှုအားမြန်မာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်း ပညာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းမှခေါ်ဆိုစမ်းသပ် ခဲ့ခြင်းဖြစ်သည်။

လိုင်စင်ရပြီး ၂လအကြာတွင်တည်ဆောက်ခဲ့သည့် ရန်ကုန်မှ၂၂ ကီလိုမီတာဝန်းကျင်ကွာဝေးသောတယ်လီနော၏ Data Centre မှ ရန်ကုန်မြို့တွင်း ဗဟန်းမြို့နယ်ရှိတယ်လီနောမြန်မာ၏ ရုံးချုပ်သို့ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းဖုန်းခေါ်ဆိုမှုအနေဖြင့်တယ်လီနော၏ 3G ကွန်ယက် ပေါ်မှပြုလုပ်ခြင်းဖြစ်ပြီးအသံဖြင်းဖုန်းခေါ်ဆိုမှုအပြင်
ဗွီဒီယိုဖြင့်ခေါ်ဆိုမှုကိုလည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

===================================

သတင်းနှင့် ဓာတ်ပုံ – ရာဇကိုကို

 TechSpace Journal
Read More ...